မန္တလေး နိဗ္ဗာန်ကုန်ဘာ့ကြောင့် ဈေးမြင့်နေရသလဲ။


မန္တလေး နိဗ္ဗာန်ကုန်ဘာ့ကြောင့် ဈေးမြင့်နေရသလဲ။ ဈေးမြင့်တာတောင် ဘာ့ကြောင့် ရောင်းအားကောင်းနေတာလဲ?

 နိဗ္ဗာန်ကုန်လုပ်ငန်းကို ဒေသအသီးသီးမှာ လုပ်ကိုင်လျှက်ရှိပါတယ်။

မန္တလေး နိဗ္ဗာန်ကုန်အများစုက အခြားဒေသထွက်တွေထက် ဈေးပိုနေတတ်ပါတယ်။ မန္တလေး နိဗ္ဗာန်ကုန်အများစုမှာမှ တချို့က ဈေးအနည်းငယ်မြင့်နေတတ်ပါတယ်။
အဓိကကတော့ ကိုယ့်အလုပ်ကိုယ် သစ္စာရှိဖို့ပါပဲ။
ကိုယ်ဘယ်လိုကုန်ကြမ်းသုံးထားလဲ ဘယ်လောက်ဈေးနဲ့ရောင်းသင့်လဲ စဉ်းစားပါတယ်။
ဘုရားကုန်ဖြစ်လို့ ဝယ်သူဘက်မှလည်း စေတနာရှေ့ထား ဝယ်သလို ကျွန်မတို့ ရောင်းချသူတွေဘက်ကလည်း မတော်လောဘ ဖြစ်လို့မရပါဘူး။

ဟုတ်ကဲ့
ဒါ ဘာ့ကြောင့်ပါလဲ?
ဘာကြောင့် မန္တလေးက နိဗ္ဗာန်ကုန်ကိုမှ ကြိုက်နှစ်သက်ကြတာလဲ။

ရွှေနန်းရှင်းပြချင်ပါတယ်။
၁။ မန္တလေးမြို့ဟာ ရှေးဘုရင်နန်းဆိုက်တဲ့မြို့ဖြစ်သကဲ့သို့ ယဉ်ကျေးမှုအထွန်းကားဆုံးဒေသဖြစ်ပါတယ်။
၂၊၊ မြန်မာ့ရိုးရာလက်ရာတွေကိုလည်း ရှေးမူမပျက် ထုလုပ်နိုင်သော ပညာရှင်များစွာ နေထိုင်ကြပါတယ်။
၃။ မန္တလေးမှ ပလ္လင်များရဲ့ လက်ရာ၊ အသုံးပြုထားသော ကျွန်းသစ်ရဲ့ အရည်အသွေးတို့က ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်ပါတယ်။
၄။ ဘုရားထုဆစ်ရာတွင်လည်း ရှေးမူမပျက် မျက်နှာတော်၏ ကြည်ညိုဖွယ်ကောင်းမှု၊ သင်္ကန်းအနေအထား၊ မုဒြာအနေအထား၊ အသုံးပြုထားသော အောက်ခံဆေး၊ ရောင်းထွက်ဖို့ထက် အောက်ခံဆေးခြောက်ဖို့ စောင့်စားခဲ့သောရက်၊ အပေါ်မှ ရွှေချရာတွင်လည်း မန္တလေးရွှေအစစ်ပြားတွေကို ကျွမ်းကျင်သူပညာရှင်များက သေချာကိုင်တွင် ရွှေချထားသောကြောင့် ရွှေရည်အိနေတဲ့ ရွှေချသစ်သားဆင်းတုတော်များ ဖြစ်လာရပါတယ်။
သစ်သားအရည်ညံ့ သုံးခြင်း၊ ယိုးဒယားရွှေချခြင်းစသည့်တို့ ရှောင်ရှားကြပါတယ်။
၅။ ကြေးထည်များဆိုရာတွင်လည်း ယိုးဒယားဘက်မှ လာသော ကြေးထည်များထက် လက်ရာကောင်းခြင်း၊ ရည်ရှည်ခံခြင်းတို့ကြောင့် မန္တလေးကြေးထည်တွေ ရောင်းပန်းပွင့်နေရခြင်းဖြစ်ပါတယ်။
ကြေးနီတောင်မှထွက်ရှိသော ကြေးကို အခြေခံ၍ ပြုလုပ်သောကြောင့် အရည်အသွေးကောင်းတဲ့ ကြေးထည်များကို ရရှိပါတယ်။ ရေပိုက်ခေါင်းအဟောင်းများမှ ကြေးကို ပြန်ကျိုထားသော ခပ်ညံ့ညံ့ ကြေးများအသုံးပြုခြင်းကို ရှောင်ရှားပါတယ်။
၆။ ကျောက်ဆစ်နှင့်ထုဆစ်ထားသော ပန်းပုလက်ရာများ၊ ဘုရားများသည်လည်း အရည်အသွေးကောင်းသော စကျင်တောင်မှ ရရှိသော စကျင်ကျောက် အသန့်အကောင်းများဖြင့်ထုဆစ်ထားသောကြောင့် မန္တလေးကျောက်ဆစ်သည်လည်း နာမည်ကျော်ကြားလှပါသည်။
ထုဆစ်သော ပညာရှင်များသည်လည်း အဆင့်ဆင့်ရှိပါတယ်။အကြမ်းထည်ထုသူကထုပါတယ်၊ ခေါင်းလိုင်းကျွမ်းသူက ခေါင်းထုပါတယ်၊ ဘုရားချောသူကချော ကြပါတယ်။ ကျောက်ဆစ်ဘုရားတစ်ဆူဖြစ်လာဖို့ရာ ပညာရှင်အမျိုးမျိုးက ပေါင်းစပ်ပြုလုပ်ခဲ့ရပါတယ်။
ထိုထိုသော အကြောင်းများကြောင့် မန္တလေး နိဗ္ဗာန်ကုန်တွေ ကျော်ကြားရခြင်း ဖြစ်ကြောင်း ပြန်လည်မျှဝေပေးပါတယ်။ ဒီအကြောင်းတွေကို သေချာရှင်းပြပေးခဲ့တဲ့ မမြတ်သင်းစုကိုလည်း ကျေးဇူးတင်ပါတယ်။

Comments