Posts

Showing posts from November, 2020

တိုးတက်၊ကြီးပွား ဆန်၊ ဆီ၊ ဆေး ၊ ဆား လှူဒါန်းကြဖို့ တိုက်တွန်းအပ်ပါတယ်ရှင့်

Image
တိုးတက်၊ကြီးပွား ဆန်၊ ဆီ၊ ဆေး ၊ ဆား လှူဒါန်းကြဖို့ တိုက်တွန်းအပ်ပါတယ်ရှင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့်တကွ သံဃာတော်များအတွက်ရည်စူးကာ မိမိတတ်နိုင်သလောက် ဆန်အပြည့်၊ ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့် ထည့်ကာ အိမ်ဘုရားတွင် အရံသင့် ကပ်လှူထားရှိပေးပါ ပြည့်ဝခြင်းသဘောကိုဆောင်တဲ့ အဓိပ္ပာယ်ပါ။ ဆန်ဆီ ဆားဆေး လှူဒါန်းရခြင်းအကျိုးမှာ ၁.အကျပ်အတည်းရင်ဆ်ိုင်နေရသောအခါများ၊ စားဝတ်နေရေးအတွက်အတော် ရုန်းကန်နေရသောအခါများတွင် အရံသင့်ပေးမည့်၊ကျွေးမည့်လက် တစ်စုံအမှီရစေ၏။ လုပ်ငန်းစီးပွားများ တိုးတက်စေ၏။ ၂.ကျန်းမာရေးချို့ယွင်းသူများကျန်းမာလာစေ၏။ မိမိအိမ်တွင်လိုအပ်ချက်မှန်သမျှပြည့်စုံလာစေ၏။ မိမိအိမ်တွင်မ ရှိ စကား၊ ပေးပါတောင်းပါဟုပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။ ၃.တစ်ပတ်တစ်ခါ လှူပြီးပြ န်စွန့်၍ မရှိနွမ်းပါးသူအားလှူဒါန်းပါ။ အခါကြီးရက်ကြီးတိုင်း ပုံမှန်လုပ်ပေးပါ။ ၄.မိမိတို့၏ အိမ်မီးဖိုချောင်သည် စားစရာများဖြင့် ပြည့်စုံနေခြင်း စိတ်ဝမ်းကွဲနေသော မိတ်ဆွေ ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်ပါလိမ့်မည်။ ဆန်၊ဆီ၊ဆေး၊ဆား တစ်လမှတစ်ခါထဲပါ မပျက်မကွက် လှူဒါန်းပေးပါ။ ကောင်းကျိုး ချမ်းသာ လိ...

မီးဘေးလွတ်ကင်းစေနိုင်သော ငုံးမင်းပရိတ်

Image
  ဝဋ္ဋသုတ် အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည် ရွှေနန်းနိဗ္ဗာန်ကုန်မိသားစုပေ့စ်မှ မိတ်ဆွေအပေါင်းကျန်းမာပါစေ မာတိကာ ၁ ဝဋ္ဋသုတ် ၁.၁ ပါဠိတော် ၁.၂ မြန်မာပြန် ၂ ရွတ်ဖတ်ရခြင်းအကျိုးများ ၃ ကိုးကား ဝဋ္ဋသုတ် ပါဠိတော် ၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ဝဋ္ဋဇာတိယံ။ ---ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ဝိဝဇ္ဇယိ။ ၂။ ထေရဿ သာရိပုတ္တဿ၊ လောကနာထေန ဘာသိတံ။ ---ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။ ၃။ အတ္ထိ လောကေ သီလဂုဏော၊ သစ္စံ သောစေယျ နုဒ္ဒယာ။ ---တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ မုတ္တမံ။ ၄။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။ ---သစ္စဗလ မဝဿာယ၊ သစ္စကိရိယ မကာသဟံ။ ၅။ သန္တိ ပက္ခာ အပတနာ၊ သန္တိ ပါဒါ အဝဉ္စနာ။ ---မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။ ၆။ သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။ ---ဝဇ္ဇေသိ သောဠသကရီသာနိ၊ ဥဒကံ ပတွာ ယထာ သိခီ။ ---သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။ ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။ မြန်မာပြန် ၁။ သဗ္ဗညုတဉာဏ်ကို ရရှိခြင်း၏ အခြေခံဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်သော ဘုရားအလောင်းသည် နုစဉ်ဘဝက ငုံးငှက်မျိုး၌ ဖြစ်ရလေသည်။ ငုံးငယ်ကို ဤပရိတ်တော်၏ တန်ခိုးကြောင့် တောမီးကွင်းရလေ၏။ ၂။ ဤပရိတ်တော်ကို အ...

မြွေစသော အဆိပ်ရှိသတ္တဝါများ ဘေးရန်မှာ ကာကွယ်ရန် (ခန္ဓသုတ်)

Image
  ခန္ဓသုတ် အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည် မာတိကာ ၁ မာတိကာ ၂ ခန္ဓသုတ် (ပါဠိ) ၃ မြန်မာပြန်ရှင်းလင်းချက် ၄ ရွတ်ဖတ်ရခြင်းအကျိုး မာတိကာ ၁ခန္ဓသုတ် (ပါဠိ) ၂မြန်မာပြန်ရှင်းလင်းချက် ၃ရွတ်ဖတ်ရခြင်းအကျိုး ခန္ဓသုတ် (ပါဠိ) ၁။ သဗ္ဗာသီဝိသဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ဝိယ။ ယံ နာသေတိ ဝိသံ ဃောရံ သေသဉ္စာပိ ပရိဿယံ။ ၂။ အာဏာခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။ သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။ ၃။ ဝိရူပက္ခေဟိ မေ မေတ္တံ။ မေတ္တံ ဧရာပထေဟိ မေ။ ဆဗျာပုတ္တေဟိ မေ မေတ္တံ၊ မေတ္တံ ကဏှာဂေါတမကေဟိ စ။ ၄။ အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိ မေ။ စတုပ္ပဒေဟိ မေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေဟိ မေ။ ၅။ မာ မံ အပါဒကော ဟိံသိ၊ မာ မံ ဟိံသိ ဒွိပါဒကော။ မာ မံ စတုပ္ပဒေါ ဟိံသိ၊ မာ မံ ဟိံသိ ဗဟုပ္ပဒေါ။ ၆။ သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ စ ကေဝလာ။ သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကိဉ္စိ ပါပ မာဂမာ။ ၇။ အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။ အပ္ပမာဏော သံဃော ပမာဏဝန္တာနိ သရီသပါနိ။ အဟိ ဝိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘီ သရဗူ မူသိကာ။ ၈။ ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ ပဋိက္ကမန္တု ဘူတာနိ။ သောဟံ နမော ဘဂဝတော။ န...

ရတနသုတ်(ကပ်ကြီးသုံးပါးကိုကျော်နင်းစေနိုင်သည်)

Image
  ရတနသုတ်(ကပ်ကြီးသုံးပါးကိုကျော်နင်းစေနိုင်သည်) ဗုဒ္ဓဝင်သမိုင်း ဤသုတ်၏ သမိုင်းကြောင်းမှာ မြတ်စွာဘုရားရှင်လက်ထက် ဝေသာလီပြည်၌ မိုးခေါင်ရေရှားပြီး ကောက်ပဲသီးနှံများ စိုက်ပျိုး၍ မဖြစ်ထွန်းပဲ ငတ်မွတ်ခေါင်းပါးဘေးကြုံကာ တိုင်းသူပြည်သားများ သေကြေပျက်စီးကုန်သည်။ နေရာအနှံ့ အလောင်းများ ပုံထပ်နေသောအခါ၌ မြို့ပြင်၊ ရွာပြင်တွင်ရှိသော ဘီလူး၊ သရဲ၊ သဘက်များသည် မြို့ရွာထဲသို့ဝင်ပြီး အသေကောင် ရုပ်အလောင်းများကို ဝိုင်းဖွဲ့စားသောက်ကြသည်။ ဘီလူး၊ သရဲများကိုမှီပြီး ကပ်ရောဂါဘေးသည်လည်း ဆိုက်ရောက် လာသည်။ ဤသို့ အနာရောဂါဘေး ၊ ဘီလူးဘေး ၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဟူသော ဘေးအန္တရာယ်ကြီးသုံးမျိုးကြောင့် ဝေသာလီပြည့်ရှင်မင်းသည် ဝေသာလီပြည်နှင့် ရှစ်ယူဇနာဝေးသော ဂင်္ဂါမြစ်တစ်ဖက်ကမ်း ရာဇဂြိုဟ်ပြည်တွင် သီတင်းသုံးနေသော မြတ်စွာဘုရားကို ဗိမ္ဗိသာရမင်းကြီမှတစ်ဆင့် ပင့်ဖိတ်ပြီး ထိုကပ်ဆိုးကြီးများမှ ကယ်မတော်မူရန် တောင်းပန်လျှောက်ထားသောအခါ၌ မြတ်စွာဘုရားသည် ညီတော်အာနန္ဒာနှင့်အတူ ရဟန္တာငါးရာခြံရံပြီး ဝေသာလီပြည်သို့ ကြွချီတော်မူပါသည်။ ထိုအခါဝယ် ရောက်ရောက်ချင်း ဝေသာလီပြည် ကောင်းကင်ယံ၌ မိုးတိမ်များ ရုတ်တရက် အုံ့ဆိုင်းလာပြီး မိုးထစ်ချ...

ရွှေမုဋ္ဌောဘုရားသို့ သွားဖူးစို့

Image
  ရွှေမုဋ္ဌောဘုရားသို့ သွားဖူးစို့ ……………………………………… သီတင်းကျွတ်လပြည့်ကျော် ၈ရက်မှာ တံတားဦးမြို့နယ်၊ သပြေကန်ကျေးရွာ ရွှေမုဋ္ဌောဘုရားပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ဘုရားပွဲဟုဆိုလိုက်ကတည်းကဘာသာရေးပွဲတစ်ခုဆိုတာလူတိုင်းလိုလိုသိပေလိမ့်မည်။ မြန်မာပြည်အနှံ့ပြားဘုရားပွဲတော်တွေပြုလုပ်နေကြတာအားလုံးသိကြသည့်အတိုင်းပင်။ တကယ်တော့ဘုရားပွဲဆိုတာ မြတ်ဗုဒ္ဓကိုပူဇော်တဲ့ပွဲတစ်ခုပါ။ ဒီဘုရားပွဲကိုအကြောင်းပြုပြီး ကုသိုလ်တွေပြုလုပ်ကြ၊ ကွဲကွာနေတဲ့ဆွေးမျိုးတွေ ပြန်လည်တွေ့ဆုံကြနဲ့ ပျော်စရာကောင်းသော ဘာသာရေးပွဲလေးတစ်ပွဲဖြစ်ခဲ့သည်။ ဘယ်လောက်ပျော်စရာကောင်းသလဲဆိုရင် တစ်နှစ်မှာ တစ်ခါကြုံရတဲ့ ဒီဘုရားပွဲလေးကို နှစ်အစ ကတည်းက အားခဲပြီး ပိုက်ဆံစုကာ တွေးပြီးပျော်နေခဲ့ရသည်။ ကိုယ့်ရွာ ကိုယ့်ဌာန စီးပွားရေးအဆင်မပြေလို့ တစ်နယ်တဝေးမှာ စီးပွားရှာနေကြရပေမယ့် ကိုယ့်ရွာ ဘုရားပွဲရောက်ပြီဆိုတာနဲ့ ဘယ်လောက်ဝေးဝေး မရောက် ရောက်အောင်ပြန်ကြသည်။ ဒါဟာလည်း ကိုယ့်ရွာ ကိုယ့်ဌာနလေးကို မြတ်နိုးတွယ်တာတတ်သော ကျေးရွာတို့ရဲ့ ဓလေ့တစ်ခုလို့ ဆိုရပေမည်။ ဒီလို ကိုယ့်ရွာ ကိုယ့်ဌာနလေးကို မြတ်နိုးတွယ်တာတတ်သော စိတ်ကလေးရှိနေတော့ ကိုယ့်ဘဝရဲ့တစ်စိတ်တဒေသကို...