မေထုန်ငယ် (၇) ပါး
••••••••••••••••
မေထုနဓမ္မဆိုတာက ယောက်ျားမိန်းမ ဆက်ဆံမှုလောက်ကိုသာ
ဆိုလိုတာ မဟုတ်သေးဘူး။ တခြားတခြား မေထုန်ငယ်
(၇)ပါးဆိုတာကိုလည်း ထည့်သွင်းပြီး မြတ်စွာဘုရားက ရည်ညွှန်းထားပါတယ်။
တစ်ချိန်မှာ ဆိုကြစို့ ... ဇာနုသောဏိ ပုဏ္ဏားကြီးက မြတ်စွာဘုရား-
ထံတော်သို့ ချဉ်းကပ်ပြီးတော့ မြတ်စွာဘုရား ... မြတ်စွာဘုရားသည်
ဗြဟ္မစာရီ = မြတ်သော အကျင့်ကို ကျင့်နေတဲ့ သူတော်ကောင်းအဖြစ်နဲ့
၀န်ခံပါသလားဆိုပြီး ဒီမေးခွန်းကို မေးတယ်။ မေးလိုက်တဲ့ အချိန်အခါမှာ
" ဒကာတော်ပုဏ္ဏား... ငါဘုရားသည် မကျိုးမပေါက် မပြောက်မကျားတဲ့
ပြည့်စုံတဲ့ ထက်၀န်းကျင် ဖြူစင်နေတဲ့ ဗြဟ္မစရိယအကျင့်ကို ကျင့်နေတဲ့
ပုဂ္ဂိုလ်သာဖြစ်ပါတယ်။ မကျိုးမပေါက် မပြောက်မကျားအောင် ပြည့်ပြည့်စုံစုံ
စင်စင်ကြယ်ကြယ်ဖြင့် ဗြဟ္မစရိယအကျင့်ကို ကျင့်နေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်ပုဂ
္ဂိုလ်လဲလို့ မေးခဲ့လျှင် ငါဘုရားကိုသာ ရည်ညွှန်းပြီး ပြောဆိုရမှာ ဖြစ်ပါတယ
" ဆိုပြီးတော့ အမိန့်ရှိတော်မူလိုက်တယ်။
ဒီခါမှာ ပုဏ္ဏားကြီးက နည်းနည်း မကျေနပ်ဘူး။ မကျေနပ်တဲ့အတွက်
" အရှင်ဘုရား ...မကျိုးဘူး, မပေါက်ဘူး, မပြောက်ဘူး, မကျားဘူး ဆိုတာက
ဘာကို ပြောဆိုလိုတာလဲ?" ဒီလို သူက ပြန်ပြီးတော့ မေးခွန်းတစ်ခုကို မေးမြန်း
လျှောက်ထားတော်မူတယ်။ ဒီအပိုင်းကလေးကို ဘုန်းကြီး ပြောချင်ပါသေး
တယ်။ အဲဒီလို မေးမြန်းတဲ့အခါမှာ မေထုန်ငယ် (၇)ပါးကို မြတ်စွာဘုရားက
ဟောကြားပေးတော်မူပါတယ်။
မေထုန်ငယ် (၇) ပါး အရေအတွက်-
ယောက်ျားမိန်းမ ဆက်ဆံတာတော့ မပြုလုပ်ဘူး။ ဒါပေမဲ့လို့ သူတို့က
ဘာဖြစ်နေကြသလဲ? အခုခေတ် အဘိုးကြီးတွေ အဘွားကြီးတွေ ဆိုကြစို့။
ဒီက ဒကာကြီးတွေ ဒကာမကြီးတွေကိုတော့ မပြောလိုပါဘူး။ ဘုန်းကြီး
မနှစ်က အမေရိကLA ဆိုတဲ့ လော့စ်အိန်ဂျယ်လိစ်မြို့ရောက်တော့ ဒကာမ
ကြီးတစ်ယောက်က လျှောက်တယ်၊ အရှင်ဘုရား... ဒီမှာ အဘိုးကြီးတွေ
အဘွားကြီးတွေကို သနားလို့ သူဌေးတစ်ယောက်ကနေပြီးတော့ သူတို့အတွက်
အခန်းကလေးတွေ လုပ်ပေးထားတယ်တဲ့။
အဲဒီအခန်းမှာနေတဲ့ အဘိုးကြီး တစ်ယောက်နဲ့ အဘွားကြီးတစ်ယောက် ဘယ်လိုဖြစ်သွားလဲဆိုတော့ အဘွား
ကြီးမှာလည်း အဘိုးကြီးက သေသွားတယ်၊ အဘိုးကြီးမှာလည်း အဘွားကြီးက
သေသွားတယ်။ အသက်ရှစ်ဆယ်ကျော်ကြပြီတဲ့။ အဲဒါ ခု လက်ထပ်မယ်လို့
သူတို့ပြင်ဆင်နေတယ်တဲ့။ အဲဒါပဲ။ ဒီတော့ မေထုနဓမ္မ တစ်ယောက်နဲ့တစ်ယေ
ာက် ဆက်ဆံမှုတွင် မကပါဘူး။ ဘုရားရှင် ဆိုလိုတော်မူတာကမေထုန်ငယ် (၇)ပါး ဖြစ်ကြတယ်။
ဒီမေထုန်ငယ် (၇)ပါးက--
နံပါတ် (၁) မေထုန်ငယ်က ဘာလဲလို့မေးတော့၊ ဥစ္ဆာဒန = နံ့သာရည်ဖြင့်
လိမ်းပေးတယ်။ ပရိမဒ္ဒန = ဆီလေးနဲ့ လိမ်းပေးတယ် နှိပ်နယ်ပေးတယ်။
နှာပန = ရေချိုးပေးတယ်။ သမ္ဗာဟန = ပွတ်သပ်ပေးတယ်။ အဲဒါကို
သဘောကျတယ်။ ဒါလည်း မေထုန်တစ်ခုပဲ။ ဘုရားရှင်ဟာ ဒါမျိုး ဘယ်တော့မှ
မပြုလုပ်ဘူး။ ဒါက တစ်ခု။
နံပါတ် (၂)ကျတော့ သဉ္ဇဂ္ဃတိ သံကီဠတိ သံကေလာယတိ = တစ်ယေ
ာက်နဲ့တစ်ယောက် ပြောလိုက်ဆိုလိုက် ရယ်လိုက်မောလိုက် နောက်လိုက်
ပြောင်လိုက် နေတယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ထိုင်ပြီး စကားပြောနေကြတယ်။
အဲဒါကို သဘောကျတယ်။ အဲဒါလည်း မေထုန်ငယ်တစ်ခုပဲ။
နောက် နံပါတ် (၃)ကတော့ စက္ခုနာ စက္ခုံ ဥပနိဇ္ဈာယတိ ပေက္ခတိ =
သူ့မျက်စိနဲ့ ကိုယ့်မျက်စိ တည့်တည့်လေး ကြည့်ပေးတယ်။ မကြည့်ရလျှင်
မမြင်ရလျှင် မနေနိုင်ဘူး။ ဘာမှတော့ မလုပ်ပါဘူး။ တစ်ယောက်နဲ့တစ်ယေ
ာက် ကြည့်နေရလျှင် ကျေနပ်နေတယ်။ ဒါလည်း မေထုန်ငယ်တစ်ခုပဲ။
နောက်တစ်ခု နံပါတ် (၄)က တစ်ယောက်နဲ့ တစ်ယောက်တော့ မမြင်ဘူး
ပေါ့။ ဒါပေမဲ့ အသံလေးကြားရလျှင် သဘောကျနေတယ်။ သူငိုတဲ့
အသံပဲဖြစ်စေ၊ သီချင်းဆိုတဲ့ အသံပဲဖြစ်စေ၊ ပြောဆိုနေတဲ့ အသံပဲဖြစ်စေ၊
ရယ်မောနေတဲ့ အသံပဲဖြစ်စေ ကြားနေရလို့ရှိလျှင် သဘောကျတယ်။ ယခုကာလ
ရေဒီယိုတို့ ဘာတို့ နားထောင်တဲ့အခါ ကြားတဲ့ပုံစံမျိုးပေါ့။ ဒါလည်း
မေထုန်ငယ်တစ်ခုပဲ။
နောက်တစ်ခု နံပါတ် (၅)က ဘာလဲ၊ မြင်လည်း မမြင်ရဘူး။ ကြားလည်း
မကြားရဘူး။ ဒါပေမဲ့လို့ တစ်ချိန်တုန်းက တစ်ယောက်နဲ့တစ်ယောက်
ပြောဖူးတယ်, ဆိုဖူးတယ်, ပြောင်ဖူးတယ်, နောက်ဖူးတယ်။ အဲဒါကလေးတွေကို,
ပျော်ပါးခဲ့ဖူးတာကလေးတွေကို အမှတ်ရပြီးတော့ ပြန်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့
သဘောကျနေကြတယ်။ ဒါလည်း မေထုန်ငယ်တစ်ခုပဲ။
နောက် နံပါတ် (၆)ကတော့ အဲဒါမျိုးတွေ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့လို့
ကိုယ့်မှာ ဘာမှတော့ မရှိဘူး။ မရှိတဲ့အခါကျတော့ သူတစ်ပါးတွေ အိုးနဲ့အိမ်နဲ့
တိုက်နဲ့တာနဲ့ ကာမဂုဏ်တွေ ခံစားပြီး ပျော်ပျော်ပါးပါး နေတာကို သွားမြင်လိုက်တာကိုလည်း
သဘောကျတယ်။ သူတို့လို နေချင်တဲ့ စိတ်ထားလေးတွေ
ပေါ်လာပြန်တယ်။ ဒါလည်း မေထုန်ငယ်တစ်ခုပဲ။
နောက် နံပါတ် (၇)ကတော့ အဲဒီလို ပြောခဲ့တဲ့သဘောတရားတွေလည်း
မဖြစ်ပြန်ဘူး။ ဒါပေမဲ့ ဘာဖြစ်နေသလဲ? နတ်ပြည်နတ်လောက တစ်ခုခုကို
ရည်မျှော်ပြီးတော့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို
ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေပြန်တယ်။ ရရှိမည့် ကာမဂုဏ်တွေကို လှမ်းမျှော်ပြီး သဘောကျနေတယ်။ အဲဒါလည်း
မေထုန်ငယ်တစ်ခုပဲ။
ဒီမေထုန်ငယ် (၇)မျိုး တစ်မျိုးမျိုးနဲ့ မွေ့လျော်နေတဲ့ ပုဂ္ဂိုလ်ဟာလည်း
အိုနာသေရေး ဒုက္ခဘေးမှ ဘယ်နည်းနဲ့မှ မလွတ်မြောက်နိုင်ဘူးလို့ ဘုရား
ရှင်က ဟောကြားထားတော်မူပါတယ်။
******************
မေတ္တာဖြင့် မျှဝေသူ- ဘုရားသား/သမီးတော်
သူတော်ကောင်းများ ဓမ္မအသိဖြင့် အေးချမ်းကြပါစေ။
ဤ တရားအလှူကောင်းမှုသည်
နိဗ္ဗာန်အတွက် အထောက်အပံ့ ဖြစ်ပါစေသား။
Copy ယူခြင်း Share ခြင်းဖြင့် ကုသိုလ်ယူနိုင်ပါသည်။
သူတော်ကောင်းများ၏
တရားနာယူခြင်း ကုသိုလ်
တရားမျှဝေခြင်းကုသိုလ်
အပေါင်းတို့အား
ဝမ်းသာ ကြည်နူးစွာဖြင့်
သာဓု သာဓု သာဓု ခေါ်ယူပါ၏။
" မိမိ၏ ဤတရားအလှူကုသိုလအွား
နတ် လူ သာဓု ခေါ်ပါစေသော်ဝ်
ဤ ပထဝီမြေထု သိလာထုလည်း
သက်သေအမှုတည်ပါစေသော်ဝ် "
အားလုံး မြင် မြင် သမျှ ကြား ကြား သမျှ
ကုသိုလ် ...
အမျှ အမျှ အမျှ ပါ...
Credit...ThinThinMyat...
ပြန်လည်ကူးယူ ဒါနပြုပါသည်။



Comments
Post a Comment