ပခန်းမင်းကျော်စွာနှင့်ဘညိုကြီး
ပခန်းမင်းကျော်စွာနှင့်ဘညိုကြီး*********************************
ပခန်းမင်းကျော်စွာသည် ခွန်ချိုနှင့်ခွန်သာညီနောင်(၂)ပါးအား ဥပါယ်တံ မျဥ်သုံး၍ မွေးစားဖခင် ကိုးမြို့ရှင်အား ခေါင်းဖြတ်ကာသတ်စေပြီးသော် ခွန်ချိုခွန်သာတို့အား လည်း ကြိုတင်စီမံထားသည့်အတိုင်း ကွပ်မျက်လိုက်လေသည်။ခွန်ချိုခွန်သာညီနောင်(၂)ပါး လည်း သေဆုံးပြီးနောက် နတ်ဖြစ်ကြလေသည်။ ပခန်းမင်းကျော်စွာသည် ခွန်ချိုခွန်သာညီနောင် တို့အား ကွပ်မျက်ခဲ့ရသော်လည်း အရင်ကတည်းက မွေးစားဖို့အထိ သံယောဇဥ်ရှိခဲ့ခြင်းကြောင့် များစွာစိတ်ထိခိုက်၀မ်းနည်းလျက် စိတ်နှလုံးမသာမယာရှိကာနေသည်။ ထို့အတွက်ကြောင့် မင်းကျော်စွာသည် စိတ်ပြေပျောက်ရန်အလို့ငှာ အိမ်တော်၀န်ဖြစ်သော ဦးညိုကိုခေါ်၍ ထန်းတော ရှိရာသို့ နှစ်ယောက်သား ထွက်ခွာလာခဲ့ကြသည်။ ဦးညိုလည်း သခင်ကအခေါ်တော်ရှိသည်မို့ ကမန်းကတန်းနှင့်ပင် အပေါ်အ၀တ်မပါ ပုဆိုးကိုခါးတောင်းကျိုက်လျက် မင်းကျော်စွာ၏ စီးတော် မြင်းကြီးကိုဆွဲကာ လိုက်ခဲ့လေသည်။ မင်းကျော်စွာတို့နှစ်ဦးသည် ထန်းတော၌ သောက်စားကြပြီး နောက် ညနေနေ၀င်ရီတယောအချိန်မှ စကား၀ါပင်ရိပ်သာစခန်းရှိ ယာယီစံနန်းသို့ ပြန်ခဲ့ကြ လေသည်။ စံနန်းသို့ ပြန်ရာလမ်းရှိ စကား၀ါပင်ကြီးတစ်ပင်အနားသို့ရောက်လာသောအခါ ရာသီ ဥတုသာသာယာယာရှိပါလျက် ထိုစကား၀ါပင်မှ သစ်ရွက်သစ်ကိုင်းများ ပြင်းပြင်းထန်ထန် လှုပ်ခတ်ကာ အပင်ကြီးသည် အမြစ်မှပြုတ်ထွက်၍မင်းကျော်စွာတို့အပေါ်ကျကာ အပင်ပိ သေဆုံးကြရလေသည်။ အမှန်တကယ်မှာ နတ်ဖြစ်သွားသော ခွန်ချိုခွန်သာညီနောင်တို့မှ လက် စားချေသည့်အနေဖြင့် မင်းကျော်စွာတို့ နှစ်ဦးကို စကား၀ါပင်အားလှဲချကာ သတ်လိုက်ကြ ခြင်းဖြစ်သည်။ မင်းကျော်စွာလည်းနတ်ဖြစ်၍ ပခန်းမြို့ကိုအပိုင်စားကာ ပခန်းကိုကြီးကျော်ဟု ထင်ရှားလေသည်။ အိမ်တော်၀န်ဦးညိုသည်လည်း ဘုတလင်မြို့ကိုစားရကာ “မပြုမပြင် ဘုတ လင်မြို့စားကြီးဘညို”ဟု ထင်ရှားကာ ယုံကြည်သူတို့မှ ကိုးကွယ်ပ,သလျက်ရှိကြသည်။
Photo #Crd ပေးပါတယ်ခင်ဗျာ

Comments
Post a Comment