အချစ်ရေး အိမ်ထောင်ရေး မှာ လက်တွေ့အဆင်ပြေစေမည့် နည်းလမ်းကောင်း


 အချစ်ရေး အိမ်ထောင်ရေး မှာ

လက်တွေ့အဆင်ပြေစေမည့် နည်းလမ်းကောင်း

@@@@@@@@@@@@@@@@@@@

လူအတော်များများမှာ

ချစ်သူနဲ့အိမ်ထောင်ဘက်နဲ့ အဆင်မပြေတာတွေ

ချစ်သူအိမ်ထောင်ဘက်က စွန်ပစ်သွားတာတွေ

ချစ်သူအိမ်ထောင်ဘက်က သစ္စာဖောက်သွားတာတွေ

ချစ်သူအိမ်ထောင်ဘက်က မိမိအပေါ်အချစ်ပေါ့တာတွေ

ဒီလိုပြဿနာအကြောင်းတွေ အမြဲတမ်းဖြစ်နေတယ်။

#ဆရာမထံတွင်ငွေကုန်ကျခံပြီး

အစီရင် မအပ်နှံ မပြုလုပ်နိူင်သူများအတွက်

ဒီလိုပြဿနာတွေကို သေချာပေါက်အဆင်ပြေစေမည့်

ဓာတ်ယတြာအစီရင်ကောင်းလေး မျှဝေပေးပါမယ်။

"တော်တော်များများ ချစ်သူစုံတွဲလင်မယားစုံတွဲတွေက"

အဆင်မပြေတဲ့အခါတိုင်း ဗေဒင်ဆရာများထံမှာ

ဗေဒင်ယတြာနည်းလမ်းတွေနဲ့ ပြေလည်အောင်

လုပ်ဆောင်လိုကြတယ်

ဒါပေမဲ့ သူတို့ရဲ့လိုအပ်ချက်တွေ အားနည်းချက်တွေကိုတော့

ပြုပြင်ဖို့ မကြိုးစားတတ်ကြဘူး"

မိမိရဲ့ချစ်သူနဲ့ပတ်သက်ပြီးသိထားရမှာတွေ

စုစုပေါင်း(၂)ချက်ရှိပါတယ်။

1-သူရဲ့အားနည်းချက်အားသာချက်ကို သိရမယ်။

(သူ့ရဲ့အားနည်းချက်ကိုမသိဘဲစကားပြောရင်

ကိုယ်ချင်းမစာမနာရာရောက်တတ်တယ်။

သူ့ရဲ့အားသာချက်ကိုမသိဘဲ စကားဆိုမိရင်

အတ္တကိုရှေ့တန်းတင်ပြီး စကားပြောရာရောက်တယ်)

2-သူကြိုက်တတ်တာ မကြိုက်တတ်တာတွေ သိရမယ်။

(သူကြိုက်တတ်တာကိုသိမှ သူ့ရဲ့အကြိုက်ဆောင်ပေးနိူင်မယ်။

သူမကြိုက်တတ်တာကိုသိမှ ကိုယ်ဘက်ကမလုပ်ဖြစ်မှာ)

ဒါတွေသိပြီဆိုရင်မလျော့မတင်းနဲ့

ကိုယ့်ရဲ့ချစ်သူ/အိမ်ထောင်ဘက်ကို ကြိုးကိုင်တတ်ရမယ်။

ပြီးတော့ မိမိရဲ့ဘက်မှာလည်း ဒီ(၃)မျိုးရှိထားရမယ်

1-ကိုဖြစ်ချင်တာချည်း ဇွတ်ကြီးမလုပ်ဆောင်မပြောဆိုနဲ့

(အတော်များများစုံတွဲတွေ ငါ့စကားနွားရပုံစံမျိုး

ပြောဆိုကြသောကြောင့် လမ်းခွဲသွားရသေသည်)

2-အခြေနေနဲ့အချိန်ခါကို ထိမိစွာအသုံးချတတ်ရမည်။

(မောနေချိန် ရေခပ်တိုက်တာမျိုး ဖျားနေချိန်ဂရုစိုက်ပေးတာမျိုး စိတ်တိုနေချိန်စိတ်ပြေစေတာမျိုးလေးတွေဖြစ်သင့်၏)

3-သူ့အပေါ်ကို ပေါင်းသင်းနည်းမျိုးစုံနဲ့ပေါင်းသင်းပါ။

(သူငယ်ချင်းလိုချစ်သူလိုမောင်နှမလိုမိသားစုလို မျိုးစုံပေါ့

ဒါမှသာ သူနဲ့တသားထဲဖြစ်တော့မှာပေါ့)

"အဓိက လိုအပ်ချက်မှာ"

"သွေးမတော်သားမစပ်တဲ့ လူသားနှစ်ဦး

ရှေးပါရမီရေစက်တွေကြောင့် ဒီဘဝမှာဆုံကြရတာမို့

တယောက်ရဲ့လိုအပ်ချက်တွေကို စိတ်ရှည်စွာဖြည့်ဆည်းပြီး

လိုတိုးပိုလျှော့စနစ်နဲ့ ညှိနှိုင်းကာဖြင့်

တိုင်တိုင်ပင်ပင် တသားထဲကျအောင်ဖြစ်ဖို့လိုတာ"

"ဗေဒင်ယတြာနည်းနဲ့ပြောပြမယ်"

"ဥသာ-စိန်ပန်း-ဒါန်းလှ-ကိုရှာ"

"အတွင်းမိတ်ဘက်(တနည်း)အိမ်ထောင်ဘက်နံတွေ"

တနင်္ဂနွေနဲ့သောကြာ

အင်္ဂါနဲ့ကြာသာပတေး

စနေနဲ့ဗုဒ္ဓဟူး

တနင်္လာနဲ့ရာဟု(ဗုဒ္ဓဟူးညနေ)

"ဒါတွေကို အရင်ဆုံးမှတ်ထားကွာ"

"ပြုလုပ်ရမှာတွေကတော့"

"မိမိရဲ့ ချစ်သူအိမ်ထောင်ဘက်ရဲ့ဓာတ်ပုံရယ်

မိမိရဲ့ဓာတ်ပုံရယ် လိုအပ်တယ်"

(ဓာတ်ပုံကိုတကိုယ်လုံးထင်သာမြင်သာသောပုံ ဖြစ်ရမယ်)

"ထိုဓာတ်ပုံ၂ပုံကို ရင်ချင်းအပ်ပြီးထပ်ထားရမယ်"

(မိမိပုံကိုအပေါ်မှ သူ့ရဲ့ပုံကိုအောက်မှ ထားရမည်)

"ဓာတ်ပုံ၂ပုံထပ်ပေါ်မှာ မှ

၂ယောက်လုံးရဲ့ အိမ်ထောင်ဘက်နံသင့် သစ်သားပြားလေး၂ခုကို အလျားလိုက် တင်ပါ"

တနင်္ဂနွေသားသ္မီးဆိုလျှင် သီဟိုရ်သား/သီးသား

တနင်္လာသားသ္မီးဆိုလျှင် ရဲယိုသား/ရှောက်သား

အင်္ဂါသားသ္မီးဆိုလျှင် ပေါက်သား/ပေါက်ပန်းဖြူသား

ဗုဒ္ဓဟူးသားသ္မီးဆိုလျှင် ဒါန်းသား/ထန်းသား

ကြာသာပတေးဆိုလျှင် ဇီးသား/ညောင်သား

သောကြာသားသ္မီးဆိုလျှင် အုန်းသား/အင်သား

စနေသားသ္မီးဆိုလျှင် ဝါးသား/ရွက်လှပန်းအသား

ရာဟုသားသမီးဆိုလျှင် က့ံကော်သား/ကုက္ကိုသား

"ဒီလို ဓာတ်ပုံအထပ်ပေါ်မှာ သစ်သားပြား၂ခုတင်ပြီးရင်"

ဖယောင်းတိုင်အသေး ၂တိုင် ဒီသစ်သားပြားလေးတွေပေါ်

စိုက်ပြီး ဖယောင်းတိုင်ထွန်းရမှာဖြစ်တယ်။

(ဥပမာ)

ကိုယ်က အင်္ဂါသားသမီး

ကိုယ့်ရဲ့ချစ်သူ/အိမ်ထောင်ဘက်က စနေသားသ္မီးဆိုလျှင်

အင်္ဂါရဲ့ အိမ်ထောက်ဘက်နံသင့် သစ်သားဖြစ်တဲ့

ပေါက်ပန်းဖြူသားကို ဖယောင်းတိုင်တင်ထွန်းလို့ရအောင်

အပြားလေးပုံစံပြုလုပ်ပြီး ဓာတ်ပုံထပ်အပေါ်တင်ပါ။

ပြီးတော့ သူ့ရဲ့အိမ်ထောင်ဘက်နံသင့်ဖြစ်သော

စနေရဲ့အိမ်ထောင်ဘက်နံ ဗုဒ္ဓဟူးဖြစ်သောကြောင့်

ဗုဒ္ဓဟူးနံ ဝါးသားအပြားလေး(ဝါးခြမ်းပြား)ကိုလည်း

ဓာတ်ပုံ ၂ပုံထပ်အပေါ်တွင် အလျားလိုက်လေးတင်ပါ။

ထိုသို့ ဓာတ်ပုံအထပ်ပေါ်မှာ သစ်သားအပြားလေး၂ခုတင်းထားပြီးလျှင်

ဖယောင်းတိုင်အသေး၂တိုင်ကို မြဲအောင်စိုက်လိုက်ပါ။

ဒီလိုလေးပြင်ဆင်ပြီးရင် ည၉နာရီထိုးတာနဲ့

ဖယောင်းတိုင်၂တိုင်ကို မီး"စတင်ထွန်းညှိ၍

ကိုယ့်ရဲ့ခံစားချက်တွေ ချစ်ခြင်းမေတ္တာတွေ

သူ့အပေါ်ထားတဲ့ သံယောဇဉ်တွေအကြင်နာစကားတွေ

အနည်းဆုံး ၅မိနစ်ခန့်ထိုင်ပြောနေပါ။

(ပြောနည်းဥပမာ)

"ငါက နင့်ကိုအမြဲတမ်းချစ်နေလျှက်ပါ"

"ငါ့စိတ်ထဲမှာ နင်အမြဲတမ်းရှိနေပါတယ်"

"အခုဆိုရင် ငါကနင့်ကိုသတိတွေရနေတယ်"

စသည့် အဆင်ပြေသလို စိတ်ထဲရှိသလိုပြောပါ။

ပြုလုပ်ရမှာက 

မိမိရဲ့အိပ်ယာအလယ်တည့်တည့်တွင် အစီရင်ပြုလုပ်ပါ။

"ဘယ်နှရက် ပြုလုပ်ရမလည်း ဆိုရင်"

ကိုယ့်မွေးနေ့ညမှ စပြီး (၇)ညဆက်တိုက်လုပ်ရမယ်။

(၇)နေ့နံသားသမီးများအားလုံး

အချစ်ရေးအိမ်ထောင်ရေးတွေ သာယာအဆင်ပြေကြပါစေ။

#လောကီပညာအစီရင်

Comments

Popular posts from this blog

ရွှေနတ်တောင် ဘုရား

မိတ်ဖက်နှင့်ရန်ဖက် နေ့နံများ

ဓာတ်ကြီး (၄)ပါး ဆွမ်းကပ်နည်း