နဂါးရုံဘုရားသမိုင်း


 နဂါးရုံဘုရားသမိုင်း

လောကုတ္တရာရည်ရွယ်ချက်ကတော့ နဂါးရုပ်သည် နဂါးတစ်ကောင်တည်းကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ လောကီရည်ရွယ်ချက်မှာတော့ နဂါးများကို ရည်ညွှန်းပေမယ့်လည်း လောကုတ္တရာရည်ရွယ်ချက်တော့ တစ်ကောင်တည်းသောနဂါးသည် အအိပ်ကြီးလှသော ကာလနဂါးမင်းကို သွားရည်ညွှန်းပါသည်။ (ကျမ်းစာအများအပြားတွင် ကာလ ဟု လ-လေးနှင့် အတွေ့ရ နည်းပြီး ကာဠ ဟု ဠ-ကြီးနှင့်သာ အတွေ့ရများပါသည်။ ရှေ့မှမဟာသဒ္ဒါထည့်၍ မဟာကာဠ-ဟု အသုံးများ၏။) ကာဠ နဂါးမင်းသည် ဘုရားလေးဆူတို့ကို မျက်မှောက်ထင်ထင် ဖူးမြင်ရပြီး၍ သူ၏အသက်တမ်းသည် တစ်ကမ္ဘာတိုင်တိုင် ရှည်ကြာသည် ၏ အဖြစ်ကြောင့် အရိမေတ္တေယျ ဘုရားရှင်တို့လည်း မျက်မှောက်ထင်ထင် ဖူးမြင်ခွင့်ရလတ္တံ့ ဟု ဆိုကြကုန်၏ ဟု မဟာဝဂ္ဂဋီကာတွင် ဆိုထားသောကြောင့် ကာလနဂါးသည် ယခုထိ ရှိပါသေးသည်။ ကာလနဂါး ခေါ် မဟာကာဠနဂါးမင်းကြီးသည် အင်မတန်အအိပ်ကြီးလှပေသည်။ ရွှေခွက်ထိသောအသံကြားလျှင် နိုးလာပြီးနောက် ယမန်နေ့ကပင် ဘုရားတစ်ဆူပွင့်တော်မူခဲ့လေပြီ ယနေ့တစ်ဖန် ဘုရားတစ်ဆူပွင့်တော်မူပြန်ပြီ ဟု ဆိုသဖြင့် အရမ်းအအိပ်ကြီးသော နဂါးပါ။ မြတ်စွာဘုရားသာသာနဲ့ တွေ့ခိုက်ကြုံခိုက်မှာ ဘာကုသိုလ်မှ မလုပ်နိုင်ဘဲ တွေဝေ မိန်းမော အိပ်စက်နေသည့် ကာလနဂါးကို သင်ခန်းစာယူပြီး လူသားတွေကို ကာလနဂါးလို မြတ်စွာဘုရားသာသနာနဲ့ ကြုံကြိုက်တာတောင် အပျင်းကြီးမနေဖို့ တွေဝေမိန်းမောမနေဖို့ နဂါးစေတီ တည်ထားပြီး အသိပေးထားခြင်းဖြစ်ပါသည်။ နဂါးများသည် ဒေါသမာန်ဟုန် ပြင်းထန်သော်လည်း မြတ်စွာဘုရားရှင်၏မေတ္တာဓာတ်အား ခံယူလိုသော မာန်မာကို နှိမ်ချနိုင်သော နဂါးများဖြစ်သည်ဟု မေတ္တာ၏အကျိုးကျေးဇူးကို မြင်အောင်သရုပ်ဖော်ထားခြင်းလည်း ဖြစ်ပေသည်။

🌺🌺🌺🌺ရွှေနန်းမန္တလေးဒေသထွက်နိဗ္ဗာန်ကုန်ဖြန့်ချိရေး🌺🌺🌺🌺
🌷 ဘုရားထီးတော်
🌷 ကျောက်ဆစ်ဘုရား၊ ကြေးဘုရား၊ နေ့နံသားဘုရား၊ ဆေးဘုရား၊
ဦးရွှေရိုး၊ ရွှေချဘုရား၊ ပန်းပေါင်းဘုရား၊ ထိုင်းဘုရားအမျိုးစုံ
ဘုရား
🌷 သီဟာသနပလ္လင်၊ ရွှေစွယ်တော်ပလ္လင်၊ ညောင်ရွက်ပလ္လင်၊ ပေါလစ်ပလ္လင်၊
အလျူမီနီယမ်ပလ္လင်
🌷 ရွှေကျောင်းဆောင်၊ အသားကျောင်းဆောင်၊ မှန်စီရွှေချကျောင်းဆောင်၊ ပေါ
လစ်ကျောင်းဆောင်
🌷 ကြေးထည်အမျိုးမျိုး
🌷 ယွန်းထည်အမျိုးမျိုး
🌷 ဘုရားမီးအမျိုးမျိုး
🌷 ဘုရားခန်းကော်ဇောအမျိုးမျိုး တို့ကို လက်လီ/ လက်ကား မှာယူနိုင်ပါတယ်
ရှင့်။
☎️ ၀၉-၇၉၄၆၆၂၈၆၅
☎️ ၀၉-၇၉၈၁၆၄၃၄၆
☎️ ၀၉-၇၆၄၁၉၁၇၇၅

Comments

Popular posts from this blog

ရွှေနတ်တောင် ဘုရား

မိတ်ဖက်နှင့်ရန်ဖက် နေ့နံများ

ဓာတ်ကြီး (၄)ပါး ဆွမ်းကပ်နည်း